19 January 2021
When it is the school’s turn to study – Accreditation
လေ့လာသင်ယူခြင်းတွေ ပြုလုပ်ဖို့ ကျောင်းရဲ့အလှည့်ရောက်တဲ့အခါ – (Accreditation)ပညာရေးဆိုင်ရာ အသိအမှတ်ပြုခြင်း
by Mr. James Joubert, School Director
There are probably very few members of our school community at this stage who have not heard mention of the accreditation process. Teachers and administrators who have worked with accredited schools accept the process as an ongoing part of their professional lives.
ဤအဆင့်တွင် ကျွန်ုပ်တို့ကျောင်းအသိုင်းအဝိုင်း၏ အဖွဲ့ဝင်များထဲမှ အနည်းငယ်သာ ပညာရေးဆိုင်ရာ အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်ကို မကြားဖူးသူများ ဖြစ်နိုင်ပါသည်။ အသိအမှတ်ပြုကျောင်းများနှင့်အတူအလုပ်လုပ်ခဲ့ကြသော ဆရာများနှင့် ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများသည် ဤလုပ်ငန်းစဉ်ကို သူတို့၏အသက်မွေးဝမ်းကျောင်းမှု၏တစ်စိတ်တစ်ပိုင်းအဖြစ်လက်ခံကြပါသည်။
For those of us that would like to know a little more about it, let’s look at the process and why it is so important for our school, community, and students.
၎င်းအကြောင်းနှင့်ပတ်သက်ပြီး အနည်းငယ်ပိုမိုသိလိုသောသူများအတွက် လုပ်ငန်းစဉ်နှင့်ကျွန်ုပ်တို့၏ကျောင်း၊ ရပ်ရွာနှင့်ကျောင်းသားများအတွက် အဘယ်ကြောင့် ဤမျှအရေးကြီးသည်ကို ကြည့်ကြပါစို့။
What is accreditation?
Accreditation ဆိုသည်မှာ..
Accreditation is when we measure ourselves using external standards established by professional agencies or organizations that specialize in schools. Let’s use the College Board and Advanced Placement (AP) or SAT testing as an example; applying for accreditation is in many ways like taking an AP or SAT exam. Yes, we are confident in what we are doing in our school, but to be sure we need to measure ourselves against an external benchmark.
Accreditation ဆိုသည်မှာ ကျောင်းများအတွက်အထူးပြုထားသော ပရော်ဖက်ရှင်နယ်အေဂျင်စီများ သို့မဟုတ် အဖွဲ့အစည်းများမှတည်ထောင်ထားသော ပြင်ပစံနှုန်းများကို အသုံးပြု၍ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုတိုင်းတာသည့်အချိန်ခါ ဖြစ်ပါသည်။ College Board အဖွဲ့နှင့် Advanced Placement (AP) သို့မဟုတ် SAT စစ်ဆေးခြင်းကို ဥပမာတစ်ခုအနေဖြင့်အသုံးပြုကြပါစို့။ အသိအမှတ်ပြုခြင်းအတွက်လျှောက်ထားခြင်းသည် AP သို့မဟုတ် SAT စာမေးပွဲဖြေခြင်းကဲ့သို့ နည်းလမ်းများစွာ ရှိပါသည်။ ဟုတ်ပါတယ်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကျောင်းတွင် လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကိုယ်တိုင်ယုံကြည်စိတ်ချသော်လည်း၊ ပြင်ပစံနှုန်းများနှင့်မိမိကိုယ်ကိုတိုင်းတာခြင်းက ပိုသေချာစေပါသည်။
Accreditation agencies provide a framework for self-study and assessment and help schools to think about what they do, why they do it, and how to support students, teachers, and learning communities to grow and be successful.
အသိအမှတ်ပြုအေဂျင်စီများသည် ကိုယ်တိုင်လေ့လာခြင်းနှင့် အကဲဖြတ်စစ်ဆေးခြင်းတို့အတွက် မူဘောင်တစ်ခုကို ပံ့ပိုးပေးပါသည်။ တဖန် ကျောင်းများအား ၎င်းတို့မည်သည့်ကိစ္စကိုလုပ်ဆောင်သည်၊ လုပ်ဆောင်ရသည့်ရည်ရွယ်ချက်နှင့်၊ ကျောင်းသား ဆရာ သင်ကြားရေးအသိုင်းအဝိုင်းများ ကြီးထွားအောင်မြင်စေရန် မည်ကဲ့သို့ပံ့ပိုးရမည် စသည်တို့ကို စဉ်းစားတွေးခေါ်နိုင်အောင်လည်း ကူညီပေးပါသည်။